မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်အနီးရှိ ဈေးတစ်ခုမီးလောင်မှုဖြစ်ပွားခဲ့ပြီး ခရိုင်မီးသတ်လက်ထောက် အပါအဝင် သုံးဦး ထိခိုက်ဒဏ်ရာရရှိ
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် အလုံရပ်ကွက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်အနီးရှိ ဈေးတစ်ခု ဇွန်လ ၁၈ ရက်နေ့ ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး အဆိုပါ မီးလောင်မှုကြောင့် မုံရွာခရိုင်မီးသတ်ဌာနမှ ခရိုင်လက်ထောက်တစ်ဦး အပါ အဝင် လူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။