ပြင်ဦးလွင်ခရိုင်အတွင်း လယ်ယာမြေများကို သိမ်းဆည်းသည့် ဥပဒေနှင့် မညီညွတ်သော ဆောင်ရွက်မှုများကို တိကျစွာ အရေးယူ ဆောင်ရွက်ပေးရန် မြေသိမ်းခံတောင်သူများနှင့် တရားစွဲဆိုခံ တောင်သူများ စုပေါင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်
ပြင်ဦးလွင်ခရိုင်အတွင်း မြေယာများကို လက်ဝါးကြီးအုပ် ရယူသိမ်းဆည်းကာ ဥပဒေနှင့် မညီညွတ်သော ဆောင်ရွက်မှုများကို တိကျစွာ အရေးယူဆောင်ရွက်ပေးရန် မြေသိမ်းခံ တောင်သူများနှင့် တရားစွဲဆိုခံ တောင်သူများ စုပေါင်း သတင်းစာရှင်းလင်းပွဲကို ပြင်ဦးလွင်မြို့နယ် နောင်လုံးကျေးရွာမှာ ဇန်နဝါရီလ ၂၀ ရက်က ပြုလုပ်ခဲ့ပါတယ်။