ယူရို-၂၀၂၀ တွင် ဗိုလ်စွဲရန်ရေပန်းအစားဆုံးအသင်းအဖြစ် ပြင်သစ် ဆက်လက်ရပ်တည်ခဲ့ပြီး အင်္ဂလန်အသင်း အဆင့် (၈)နေရာအထိ ကျဆင်း
ယူရို-၂၀၂၀ အုပ်စုပွဲစဉ် (၂)အပြီး ပြိုင်ပွဲဝင်အသင်းတွေရဲ့ စွမ်းဆောင်ရည်မှတ်တမ်းနဲ့ အချက်အလက်တွက်ချက်မှုအရ ပြင်သစ်အသင်းက ဗိုလ်စွဲဖို့ရာခိုင်နှုန်းအများဆုံးဖြစ်နေပြီး၊ ပေါ်တူဂီအသင်းကို ဂိုးပြတ်အနိုင်ယူခဲ့တဲ့ ဂျာမနီအသင်းက ချန်ပီယံဆုအတွက်ဒုတိယရေပန်းအစားဆုံးအသင်းဖြစ်လာခဲ့ပါတယ်။