ဖြူးမြို့နယ် ညောင်ပင်သာ အ.ထ.ကကျောင်းမှ ဆရာမနှင့်ကျောင်းသားကျောင်းသူ ၂၆ ဦး COVID-19 ပိုးတွေ့ရှိ

ဖြူးမြို့နယ် ညောင်ပင်သာ အ.ထ.ကကျောင်းမှ ဆရာမနှင့်ကျောင်းသားကျောင်းသူ ၂၆ ဦး COVID-19 ပိုးတွေ့ရှိ
Published 20 June 2021

ဖြူးမြို့နယ် ညောင်ပင်သာ အ.ထ.ကကျောင်းမှ ဆရာမနှင့်ကျောင်းသားကျောင်းသူ ၂၆ ဦး COVID-19 ဖြစ်ပွားကြောင်း တွေ့ရှိခဲ့ပြီး ညောင်ပင်သာကျေးရွာဈေးအား ၁၄ ရက်ပိတ်ထား

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ညောင်ပင်သာကျေးရွာအခြေခံပညာအထက်တန်းကျောင်းက ဆရာမတွေနဲ့ ကျောင်း သား/သူ ၂၆ ဦးနဲ့ အရပ်သား ၂ ဦးအပါအဝင် ၂၈ ဦးအထိ COVID-19 ရောဂါကူးစက်ခံထားရကြောင်း ဇွန်လ ၁၉ ရက်နေ့က တွေ့ရှိခဲ့ပြီးနောက် သက်ဆိုင်ရာလမ်းပိုင်းတွေကို လော့ဒေါင်းချတာနဲ့ ညောင်ပင်သာဈေးကို ၁၄ ရက်အထိ ယာယီပိတ်ထားတာ တွေ ဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။