မြန်မာ့အရေးတွင် ဒေသတွင်းနိုင်ငံများ၏ ကြိုးပမ်းချက်များကို နိုင်ငံတကာကအားပေးသင့်ပြီး ပိတ်ဆို့မှုနှင့် ဝင်ရောက်စွက်ဖက်မှုများကို ရှောင်ရှားသင့်ဟု တရုတ်တိုက်တွန်း
နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို လေးစားမှုအပေါ် အခြေခံပြီး မျှတတဲ့သဘောထားနဲ့ ဒေသတွင်းအာဆီယံနိုင်ငံတွေရဲ့ ကြိုးပမ်းချက်တွေကို အားပေးသင့်ကြောင်း၊ ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ ဝင်ရောက်စွက်ဖက်မှုတွေကိုရှောင်ရှားပြီး မြန်မာ့အကြပ် အတည်းကို ဖြေရှင်းနိုင်မယ့် သင့်လျော်မယ့်အခြေအနေတစ်ရပ်ကို ဖန်တီးပေးသင့်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံအမြဲတမ်းကိုယ်စားလှယ်ကျန်းကျွင်းက ပြောဆိုထားပါတယ်။