ဧရာဝတီတိုင်းအတွင်းသို့ Stay at Home မြို့နယ်များမှ လာရောက်သူအားလုံး Quarantine ၁၀ ရက် ဝင်ရမည်
ဧရာဝတီတိုင်းဒေသကြီးတွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်း ချုပ်နိုင်ရေးအတွက် တိုင်းဒေသကြီးအတွင်း သို့ Stay at Home သတ်မှတ်ထားသည့် မြို့ နယ်များမှ လာရောက်သူအားလုံးကို Facility Quarantine ၁၀ ရက်ထားရှိသွားမည်ဖြစ်ပြီး ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော် မတီက အများပြည်သူများသိရှိစေရန် ကြေညာချက်တစ်စောင်ကို ဇွန် ၁၉ ရက်တွင် ထုတ် ပြန်ခဲ့ကြောင်း သိရပါတယ်၊