Covid-19 ကူးစက်ခံရသူများပြားလာတာကြောင့် ဖြူးမြို့နယ်တွင် အခြေခံပညာကျောင်းများအားလုံး ယာယီပိတ်ထားခဲ့ရပြီး မြို့မဈေးအား အချိန်အကန့်အသတ်ဖြင့်သာ ရောင်းချခွင့်ပြုထား
Covid-19 ရောဂါကူးစက် ပြန့်ပွားမှုကိုထိန်းချုပ်နိုင်ဖို့အတွက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ အားလုံးကို ဇွန် ၂၁ ရက်နေ့မှစတင်ကာ ယာယီပိတ်ထားလိုက်ရပြီး ဖြူးမြို့မဈေးကိုလည်း အချိန်အကန့် အသတ်ဖြင့်သာ ရောင်းချခွင့်ပေးတော့မှာဖြစ်တယ်လို့ ဖြူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရပါတယ်။