မြန်မာ့အရေး ကုလသမဂ္ဂအထွေထွေညီလာခံဆုံးဖြတ်ချက်အပေါ် မထောက်ခံခဲ့ခြင်းက အရေးပါသည့် အကြောင်းအရာများ မပါဝင်ခြင်းကြောင့်ဟု ထိုင်းဘက်က ရှင်းလင်း
မြန်မာ့အရေးနဲ့ ပတ်သက်တဲ့အဆိုပြုဆုံးဖြတ်ချက်ကို ဇွန်လ ၁၈ ရက်နေ့က ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မဲခွဲ ခဲ့ကြစဉ်က ထိုင်းနိုင်ငံကကြားနေခဲ့ပြီး အဲဒါဟာအဆိုပြုချက်ထဲမှာ အရေးပါတဲ့ အကြောင်းအရာ အချို့ မပါဝင်တာကြောင့် လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူက မီဒီယာကို ရှင်းလင်း ပြောဆိုထားပါတယ်။