နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာနိုင်ငံအတွက် သင့်လျော်သည့် အခြေအနေတစ်ရပ် ဖန်တီးပေးဖိ့ု ဗီယက်နမ် တိုက်တွန်း
နိုင်ငံတကာ ဥပဒေမူဘောင်တွေ အပါအဝင် ကုလသမဂ္ဂ ပဋိညဉ်စာတမ်းတို့နဲ့အညီ အာဆီယံ ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်နိုင်အောင် နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာနိုင်ငံကိုကူညီပြီး သင့်လျော်တဲ့ အခြေအနေတစ်ရပ် ဖန်တီးပေးသင့်တယ်လို့ ဗီယက်နမ်က ဇွန် ၁၈ ရက်က ပြုလုပ်တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေးမှာ ပြောကြားသွားပါတယ်။