သမ္မတ နှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့အား တရားစွဲဆိုထားသည့် အမှုများအတွက် တရားလိုပြ သက်သေများကို စစ်ဆေးခဲ့

သမ္မတ နှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့အား တရားစွဲဆိုထားသည့် အမှုများအတွက် တရားလိုပြ သက်သေများကို စစ်ဆေးခဲ့
Published 22 June 2021

သမ္မတ ဦးဝင်းမြင့်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ တို့နဲ့ တရားစွဲဆိုထားတဲ့ အမှုတွေအတွက် တရားလိုပြ သက်သေတွေကို ဇွန် ၂၁ ရက် ရုံးချိန်းမှာ စစ်ဆေးခဲ့တယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။