မန္တလေးတိုင်းဒေသကြီးတွင် ပစ်ခတ်မှုဖြစ်စဉ်များဖြစ်ပေါ်ခဲ့ပြီး သေဆုံးသူ ၈ ဦး ၊ လက်နက်အချို့နှင့် ဖမ်းဆီးရမိသူ ၈ ဦးရှိကြောင်း တပ်မတော်ထုတ်ပြန်

မန္တလေးတိုင်းဒေသကြီးတွင် ပစ်ခတ်မှုဖြစ်စဉ်များဖြစ်ပေါ်ခဲ့ပြီး သေဆုံးသူ ၈ ဦး ၊ လက်နက်အချို့နှင့် ဖမ်းဆီးရမိသူ ၈ ဦးရှိကြောင်း တပ်မတော်ထုတ်ပြန်
Published 22 June 2021

ဒီကနေ့ ဇွန် ၂၂ ရက် နံနက်ပိုင်းက စတင်ပြီး မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ်အချို့မှာ ပစ်ခတ်မှုဖြစ်စဉ် များ ဖြစ်ပေါ်ခဲ့ပြီး ချမ်းမြသာစည်မြို့နယ် ပစ်ခတ်မှုဖြစ်စဉ်မှာ သေဆုံးသူ ၈ ဦး၊ လက်လုပ်မိုင်း၊ လက်ဗစ်ဗုံး၊ လက်နက်ငယ်အချို့နှင့် ၈ ဦး ဖမ်းဆီးရမိထားကြောင်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့က မွန်းလွဲပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။