သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒေါက်တာမျိုးအောင်တို့အား ၅၀၅(ခ) နှင့် တရားစွဲဆိုထားသည့် အမှုအတွက် လာမည့် ရုံးချိန်းတွင် ကြားဖြတ်အမိန့်ချမည်
သမ္မတ ဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါက်တာမျိုးအောင်တို့အား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ) နှင့် တရားစွဲဆိုထားတဲ့ အမှုအတွက် နှစ်ဖက်လျှောက်လဲချက်ပေးခဲ့ပြီး လာမယ့် ဇွန် ၂၉ ရက် ရုံးချိန်းမှာ ကြားဖြတ်အမိန့် ချမှတ်မှာ ဖြစ်တယ်လို့ အမှုကိုလိုက်ပါ ဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးသဲမောင်မောင်က ပြောပါတယ်။