မြန်မာ့တပ်မတော်နှင့် ဆက်နွှယ်နေမှုကြောင့် အိန္ဒိယဆိပ်ကမ်းလုပ်ငန်း Adani Ports တွင် ရင်းနှီးမြှုပ်နှံမှုကို နော်ဝေပင်စင်ရန်ပုံငွေ အဖွဲ့အစည်း KLP ရုပ်သိမ်း
မြန်မာ့တပ်မတော်နဲ့ ပတ်သက်ဆက်နွှယ်နေမှုအတွက် အဒါနီ Ports and Special Economic Zone လီမိတက်မှာ ရင်းနှီးမြှုပ်နှံထားမှုကို ရုပ်သိမ်းသွားမှာဖြစ်ကြောင်း နော်ဝေနိုင်ငံရဲ့ အကြီးဆုံး ပင်စင်ရန်ပုံငွေအဖွဲ့အစည်း KLP က ဇွန် ၂၂ ရက်မှာ ကြေညာခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။