ဒေါက်တာအောင်မိုးညို ၊ ဦးနိုင်ငံလင်း ၊ မကွေးတိုင်းလွှတ်တော်ဥက္ကဋ္ဌဟောင်းနှင့် မကွေးဝန်ကြီးဟောင်း သုံးဦးတို့ကို အဂတိဖြင့် အမှုဖွင့်
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအောင်မိုးညို၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးတာ၊ ရန်ကုန်တိုင်း လူမှုရေးဝန်ကြီးဟောင်း ဦးနိုင်ငံလင်းနဲ့ မကွေးအစိုးရအဖွဲ့ ဝန်ကြီးဟောင်း သုံးဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ ဇွန် ၂၃ ရက် ညပိုင်း နိုင်ငံပိုင် ရုပ်မြင်သံကြား သတင်းအစီအစဉ်မှာ ထည့်သွင်း ကြေညာခဲ့ပါတယ်။