ဘာကီနာဖာဆိုအရှေ့မြောက်ပိုင်းမှ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို ကလေးစစ်သားများက အဓိကလုပ်ဆောင်ခဲ့ဟု ကုလ သမဂ္ဂနှင့် အစိုးရတို့ ပြောကြား
အခုလမှာ လူ ၁၃၀ ကျော်သေဆုံးခဲ့ရတဲ့ ဘာကီနာဖာဆို အရှေ့မြောက်ပိုင်းက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို အသက် ၁၂ နှစ်နဲ့ ၁၄ နှစ်ကြား ကလေးစစ်သားတွေက အများအားဖြင့် လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဇွန် ၂၄ ရက်မှာ ကုလ သမဂ္ဂနဲ့ ဘာကီနာဖာဆိုအစိုးရတို့က ပြောကြားခဲ့ကြပါတယ်။