အမေရိကန်၊ မိုင်ယာမီရှိ ၁၂ ထပ်လူနေအဆောက်အအုံ တစ်စိတ်တစ်ပိုင်းပြိုကျခဲ့

အမေရိကန်၊ မိုင်ယာမီရှိ ၁၂ ထပ်လူနေအဆောက်အအုံ တစ်စိတ်တစ်ပိုင်းပြိုကျခဲ့
Published 25 June 2021

အမေရိကန်၊ မိုင်ယာမီရှိ ၁၂ ထပ်လူနေအဆောက်အအုံ တစ်စိတ်တစ်ပိုင်းပြိုကျခဲ့ပြီး အနည်းဆုံးတစ်ဦး သေဆုံးကာ လူတစ်ရာခန့် ပျောက်ဆုံးနေ

အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်တောင်ပိုင်း၊ မိုင်ယာမီမြို့အနီးက ၁၂ ထပ်မြင့် လူနေအဆောက်အအုံ တစ်လုံးဟာ အရုဏ်မတက်မီ တစ်စိတ်တစ်ပိုင်းပြိုကျမှုဖြစ်ပွားခဲ့ရာ အသက်ရှင်နိုင်ဖွယ်ရှိသူတွေကို ဇွန် ၂၄ ရက်မှာ ကယ်ဆယ် ရေးသမားတွေက အပျက်အစီးတန်ချိန်ပေါင်းများစွာထဲမှာ ပိုက်စိပ်တိုက်ရှာဖွေခဲ့ကြပါတယ်။