သီပေါမြို့ နှင့် နောင်ပိန် တို့တွင် နှစ်ရက်အတွင်း သေနတ်ဖြင့် ပစ်ခတ်ခံရသူ နှစ်ဦးရှိ

သီပေါမြို့ နှင့် နောင်ပိန် တို့တွင် နှစ်ရက်အတွင်း သေနတ်ဖြင့် ပစ်ခတ်ခံရသူ နှစ်ဦးရှိ
Published 26 June 2021

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့ နှင့် နောင်ပိန် တို့တွင် နှစ်ရက်အတွင်း သေနတ်ဖြင့် ပစ်ခတ်ခံရသူ နှစ်ဦးရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် ၊သီပေါမြို့ မြန်မာရပ်ကွက်၊ ဘူတာအနီးရှိ နာရေးအိမ်တစ်အိမ် ကို ရောက်ရှိ နေတဲ့ အမျိုးသမီးတစ်ဦးကို ဇွန်လ ၂၅ ရက်နေ့ ညနေ ၆ နာရီခွဲ အချိန်ခန့်က အမည်မသိ လူ တစ်ယောက်က လာရောက် ပစ်ခတ်သွားခဲ့ပါတယ်။