ဇွန်လ ၂၆ ရက်နေ့ ညပိုင်းသတင်းအစီအစဉ်
■ အောင်မင်္ဂလာအဝေးပြေးတွင် ခရီးသည်တင်ယာဉ်မောင်းတစ်ဦး ယာဉ်ပေါ်တွင်သေဆုံးခဲ့ပြီး စစ်ဆေးရာ COVID-19 ရောဂါပိုးတွေ့ရှိ
■ Stay at Home ကြေညာထားသည့် ဖြူးမြို့နယ်သို့ ဝင်ထွက်သွားလာခွင့်မပြုကြောင်း တောင်ငူခရိုင်စီမံ အုပ်ချုပ်ရေးကောင်စီက ညွှန်ကြားချက် ထုတ်ပြန်
■ လူမည်းအမျိုးသားတစ်ဦးကို ဖမ်းဆီးစဉ်သေစေခဲ့သည့် အမေရိကန်လူဖြူရဲအရာရှိဟောင်း ထောင်ဒဏ် ၂၂ နှစ်ခွဲ ချမှတ်ခံရ
■ ကိုလံဘီယာသမ္မတ လိုက်ပါလာသည့် ရဟတ်ယာဉ် ဗင်နီဇွဲလားနယ်စပ်အနီး ပစ်ခတ်ခံရ
■ တာလီဘန်၏ လုပ်ရပ်များသည် အာဖဂန်နစ္စတန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ကိုက်ညီမှုမရှိဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင် ပြောကြား
■ ဂျာမနီနိုင်ငံ တောင်ပိုင်းတွင် ဆိုမာလီယာ ရွှေ့ပြောင်းအခြေချတစ်ဦးက ဓားဖြင့်တိုက်ခိုက်ခဲ့သဖြင့် သုံးဦးသေဆုံးကာ ငါးဦးဒဏ်ရာရ
■ ဂျာမနီနှင့်ပွဲတွင် ဂိုးသွင်းယူပြီးခြေစွမ်းပြရန် ဟာရီကိန်း ရည်မှန်းထား
စတဲ့ ပြည်တွင်း၊ နိုင်ငံတကာနဲ့ အားကစားသတင်းတွေကို တင်ဆက်ပေးထားပါတယ်။