သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒေါက်တာမျိုးအောင်တို့အား ပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုထားသည့် အမှုတွင် တရားလိုဘက်မှ သက်သေခံတင်သွင်းထားမှုကို လက်ခံခြင်းအပေါ် အထက်တရားရုံးသို့ တက်ရောက်မည်

သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒေါက်တာမျိုးအောင်တို့အား ပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုထားသည့် အမှုတွင် တရားလိုဘက်မှ သက်သေခံတင်သွင်းထားမှုကို လက်ခံခြင်းအပေါ် အထက်တရားရုံးသို့ တက်ရောက်မည်
Published 29 June 2021

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါက်တာမျိုးအောင်တို့ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုထားတဲ့ အမှုနှင့်ပတ်သက်ပြီး တရားလိုဘက်မှ သက်သေတင်သွင်းမှုကို တရားရုံးက လက်ခံခဲ့ခြင်းအပေါ် အထက်တရားရုံးကို တက်ရောက်မှာဖြစ်တယ်လို့ အမှုကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောကြားပါတယ်။