မြစ်ကြီးနားမြို့အဝင် ၂၁ မိုင်ဂိတ်ကို KIAအဖွဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲ တစ်ဦးနှင့် အရပ်သား တစ်ဦး သေဆုံး
ကချင်ပြည်နယ်မြစ်ကြီးနားမြို့အဝင် ၂၁ မိုင်ဂိတ်ကို ဇွန်လ ၃၀ ရက် မနက်ငါးနာရီခန့်က KIA အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် တစ်ဦးနဲ့ အရပ်သား တစ်ဦးသေဆုံးကာ ရဲတပ်ဖွဲ့ဝင် တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။