ဖားကန့်မြို့နယ်ဖားပြင်ကျေးရွာအနီးရှိ ဒေသအခေါ် YTT ကုန်းတွင် မြေပြိုမှုထပ်မံဖြစ်ပွားခဲ့ပြီး တစ်ဦး သေဆုံး
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဖားပြင်ကျေးရွာအနီးရှိ ဒေသအခေါ် YTT ကုန်းမှာ ဇူလိုင်လ ၂ ရက်နေ့၊ ညနေ ၃ နာရီကျော်က မြေပြိုမှုဖြစ်ပွားခဲ့ရာ လူတစ်ဦး သေဆုံးခဲ့တယ်လို့ ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သူတွေဆီက သိရပါတယ်။