အဝေးသင်ဝိဇ္ဇာဘာသာရပ်များအတွက် အနီးကပ်(၁၀)ရက်သင်တန်းကို (၅)ရက်စီ နှစ်ကြိမ်ခွဲတက်ရမည့် သတ်မှတ်ချက်ကို ညှိနှိုင်းပေးမည်ဟု ပညာရေးဒုဝန်ကြီး ပြောကြား
အဝေးသင်ဝိဇ္ဇာဘာသာရပ်များအတွက်အနီးကပ်၁ဝရက်အစား၅ရက်နှစ်ကြိမ်ခွဲတက်ရမည့်သတ်မှတ်ချက်မှာ အဆင်မပြေဘဲ အခက်အခဲများရှိတယ်လို့ ကြားသိရတာကြောင့် ညှိနှိုင်းပြီးအကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးမယ်လို့ ပညာရေးဒုတိယဝန်ကြီးဦးဝင်းမော်ထွန်းက ပြောပါတယ်။