စစ်ကိုင်းတိုင်းတွင် COVID-19 တွေ့ရှိမှုများပြားလာ၍ စားသောက်ဆိုင်များကို နှစ်ပတ်ကြာပိတ်သိမ်း

စစ်ကိုင်းတိုင်းတွင် COVID-19 တွေ့ရှိမှုများပြားလာ၍ စားသောက်ဆိုင်များကို နှစ်ပတ်ကြာပိတ်သိမ်း
Published 4 July 2021

စစ်ကိုင်းတိုင်းတွင် COVID-19 တွေ့ရှိမှုများပြားလာ၍ KTV၊ နိုက်ကလပ်၊ လက်ဖက်ရည်ဆိုင်စသည်များကို နှစ်ပတ်ကြာပိတ်သိမ်းရန် ညွှန်ကြာ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက မြို့နယ်အချို့မှာ အခုရက်ပိုင်း COVID-19 ရောဂါပိုး တွေ့ရှိမှု များပြားလာတာကြောင့် KTV၊ နိုက်ကလပ်၊ လက်ဖက်ရည်ဆိုင်စတာတွေကို ရက်သတ္တပတ်နှစ်ပတ်ကြာ ပိတ်သိမ်းဖို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ က စာထုတ်ညွှန်ကြားထားတယ်လို့ သိရပါတယ်။