ဂျပန်တွင် မြေပြိုမှုဆိုးရွားစွာဖြစ်ခဲ့ပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းများကို မိုးရွာသွန်းမှုများအကြား ခက်ခဲစွာလုပ်ဆောင်နေရ
ဂျပန်အလယ်ပိုင်းမြို့ကြီး အတာမိမှာ မိုးသည်ထန်ခဲ့ရာကနေ မြေပြိုတာတွေဖြစ်ခဲ့ပြီးနောက် ပျောက်ဆုံးနေသူ ၂၀ ကို ရှာ နေတဲ့ ဂျပန်ကယ်ဆယ်ရေးသမားတွေကို ဇူလိုင် ၄ ရက်နေ့မှာ မိုးတွေက အဟန့်အတားဖြစ်စေခဲ့တယ်လို့ ကျိုဒိုသတင်းဌာနက ဖော်ပြခဲ့ပါတယ်။