မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးလုပ်ငန်းများမှ ထိပ်တန်းအမှုဆောင်များကို ခွင့်ပြုချက်ရမှသာ ထွက်ခွာခွင့်ရမည်ဟု ညွှန်ကြားထားကြောင်း ရိုက်တာသတင်းဌာန ဖော်ပြ
မြန်မာနိုင်ငံက အရေးပါတဲ့ ဆက်သွယ်ရေးလုပ်ငန်းတွေရဲ့ အကြီးတန်းအမှုဆောင်တွေအနေနဲ့ ခွင့်ပြုချက် မရဘဲ နိုင်ငံအတွင်းက ထွက်ခွာလို့မရဘူးလို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြောကြားထားကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။