COVID-19 ဓါတ်ခွဲအတည်ပြုလူနာ ၂,၉၆၉ ဦးထပ်မံတွေ့ရှိပြီး ၄၂ ဦး ထပ်မံသေဆုံး၊ သေဆုံးသူစုစုပေါင်း ၃,၄၆၁ ဦးရှိလာ
COVID-19 ဓါတ်ခွဲနမူနာ ၁၁,ဝ၂၄ ခုကိုစစ်ဆေးရာ ဓါတ်ခွဲအတည်ပြုလူနာ ၂,၉၆၉ ဦးတွေ့ရှိပြီး ၄၂ ဦး ထပ်မံသေဆုံးခဲ့တာကြောင့် သေဆုံးသူစုစုပေါင်း ၃,၄၆၁ ဦးရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဇူလိုင် ၅ ရက် ည ၈ နာရီ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။