COVID-19 ရောဂါ ကူးစက်ခံနေရသည့် မိုးမောက်မြို့ မန္တလေးပရိယတ္တိစာတိုက် ဆရာတော် ပျံလွန်တော်မူ၊ သံဃာတော်နှင့် လူ ၅၀ တွင် COVID-19 ရောဂါပိုးတွေ့
COVID-19 ရောဂါ ကူးစက်ခံနေရသည့် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ မန္တလေး ပရိယတ္တိစာသင်တိုက် ဆရာတော်မှာ ဇူလိုင် ၅ ရက် မနက်ပိုင်းက ပျံလွန်တော်မူခဲ့ပြီးနောက် စစ်ဆေးမှုများ ဆက်လက် ပြုလုပ်ရာ သံဃာတော် ၉ ပါးနှင့် လူ ၄၁ ဦးတွင် ပိုးတွေ့ရှိထားကြောင်း ကျန်းမာရေးဌာနက ပြောပါတယ်။