သမ္မတ၊ အတိုင်ပင်ခံနှင့် ဒေါက်တာမျိုးအောင်တို့အား ပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုထားသည့်အမှုအတွက် တရားလိုဖြစ်သူအား ထပ်မံစစ်ဆေး

သမ္မတ၊ အတိုင်ပင်ခံနှင့် ဒေါက်တာမျိုးအောင်တို့အား ပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုထားသည့်အမှုအတွက် တရားလိုဖြစ်သူအား ထပ်မံစစ်ဆေး
Published 6 July 2021

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့အား ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုထားသည့် အမှုနှင့်ပတ်သက်၍ တရားလိုဖြစ်သူ ဥတ္တခရိုင် ဒုတိယအုပ်ချုပ်ရေးမှူးအား ထပ်မံစစ်ဆေးခဲ့ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။