■ အတိုင်ပင်ခံပုဂ္ဂိုလ် ကျန်းမာရေး ကောင်းမွန်သည့်အပြင် COVID ကာကွယ်ဆေးအား ၎င်းအပါအဝင် ခြံအတွင်း အတူနေသူများ နှစ်ကြိမ်ထိုးနှံပြီး ဖြစ်ကြောင်း ရှေ့နေဖြစ်သူ ပြောကြား
■ COVID-19 ဓာတ်ခွဲအတည်ပြု လူနာသစ် ၃၆၀၂ ဦး ထပ်မံတွေ့ရှိပြီး ၅၂ ဦး ထပ်မံသေဆုံးခဲ့ကာ နေပြည်တော်နှင့် ပဲခူးတိုင်းမှ မြို့နယ် ငါးခုကို Stay at Home ကြေညာ
■ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့်ဝန်ကြီး ဦးဇာနည်အောင်တို့အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်
■ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နေရာအတွက် အာဆီယံအကြား သဘောတူညီမှု မရသေးဘဲ လက်ရှိတွင် အဆိုပြုခံထားရသူ သုံးဦးရှိနေ
■ ဟောင်ကောင်ဒေသ အနှံ့တွင် ဗုံးထောင်ရန် ကြံစည်မှုဖြင့် သံသယရှိသူ ၉ ဦးကို ရဲတပ်ဖွဲ့ ဖမ်းဆီး
■ ကျူးကျော်ခံရပါက ထိုင်ဝမ်ကို အကာအကွယ်ပေးရန် လိုအပ်ကြောင်း ဂျပန် ဒုဝန်ကြီးချုပ်၏ ပြောကြားမှုကို တရုတ် ဒေါသတကြီး တုံ့ပြန်
■ ဟာရီကိန်းနှင့် ဂရီးလစ်ရှ်ကို ခေါ်ယူရန် ဂွါဒီယိုလာ စီစဉ်နေ