ဇူလိုင် ၁၀ ရက် ညပိုင်းသတင်းအစီအစဉ်
■ လှိုင်သာယာမြို့နယ်၊ အောင်ဇေယျ တံတားအနီးတွင် သဘောၤတစ်စီး မီးလောင်မှု ဖြစ်ပွား
■ ၂၀၂၁ ခုနှစ်အတွင်း COVID-19 ကာကွယ်ဆေးကို ပြည်သူလူထု၏ ရာခိုင်နှုန်း ၅၀ အထိ ထိုးနှံပေးမည်
■ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နိုင်ငံခြားငွေဈေးပြိုင်လေလံဖြင့် ဒေါ်လာခြောက်သန်း ထပ်မံရောင်းချခဲ့ပြီး လေးရက်အတွင်း ဒေါ်လာ ၁၅ သန်း ရောင်းချခဲ့ခြင်းဖြစ်
■ လက်ရှိ ဘဏ္ဍာနှစ် ကိုးလနီးပါးအတွင်း ပြည်ပမှရင်းနှီးမြှပ်နှံမှု ကုန်ပစ္စည်းတင်သွင်းမှု ဒေါ်လာသန်း ၃၈၀၀ ကျော်သာရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၁၇၆၀ ကျော်လျော့ကျ
■ တရုတ် ၊ ရုရှား ၊ အီရန်တို့နှင့် ပတ်သက်လုပ်ကိုင်နေသည့် ကုမ္ပဏီ ၃၄ ခုကို အမေရိကန် အရေးယူပိတ်ဆို့
■ သမ္မတ လုပ်ကြံခံရပြီးနောက် နိုင်ငံ၏လုံခြုံရေးအတွက် အမေရိကန်နှင့် ကုလသမဂ္ဂထံ ဟေတီအစိုးရ အကူအညီတောင်းခံ
■ မက်ဆီအားပေးသည့် ဘရာဇီးလ်ပရိသတ်များကို နေမာဆဲဆို