အာဖဂန်နစ္စတန်၏ နယ်မြေ ၈၅ ရာခိုင်နှုန်းကို ထိန်းချုပ်နိုင်ပြီဟု တာလီဘန်အုပ်စု ပြောကြား
အာဖဂန်နစ္စတန် နိုင်ငံရဲ့ နယ်မြေ ၈၅ ရာခိုင်နှုန်းကို ထိန်းချုပ်နိုင်ပြီလို့ တာလီဘန် စစ်သွေးကြွအုပ်စုရဲ့ တာဝန်ရှိသူတွေက ဇူလိုင် ၉ ရက်နေ့မှာ ပြောကြားခဲ့ပြီး လတ်တလော အာဖဂန်ရဲ့ လူသားချင်းစာနာမှု အခြေအနေအပေါ် စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။