အဆိုးရွားဆုံး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ကြိုးပမ်းနေရစဉ် ကာကွယ်ဆေးပမာဏနှစ်သန်းကို ဗီယက်နမ် လက်ခံရရှိ
အမေရိကန်အစိုးရရဲ့ ပထမအသုတ် ကိုဗစ်ကာကွယ်ဆေး လှူဒါန်းမှုဖြစ်တဲ့ မိုဒါးနားကုမ္ပဏီထုတ်ကာကွယ်ဆေး ၂ သန်း ကို ဗီယက်နမ်နိုင်ငံက ဇူလိုင် ၁၀ ရက်နေ့မှာလက်ခံရရှိခဲ့တယ်လို့ ဟနွိုင်းမြို့ရှိ အမေရိကန်သံရုံးက ကြေညာချက် ထုတ်ပြန်ခဲ့ပါ တယ်။