ဇူလိုင်လ ၁၁ ရက်နေ့ ညပိုင်းသတင်းအစီအစဉ်
■ မရမ်းကုန်းမြို့နယ်ရှိ လှသီတာရွှေဆိုင်အတွင်း လူတစ်စုမှဝင်ရောက်ကာ သေနတ်ပစ်ဖောက်ပြီး ရွှေများလုယက်မှု ဖြစ်ပွား
■ COVID - 19 ပြင်းထန်လူနာ ၂၀ ရာခိုင်နှုန်းခန့်သည် ဆေးရုံတက်ကုသရန်လိုပြီး ရာခိုင်နှုန်း ၂၀ အနက် ငါးရာခိုင်နှုန်းခန့်သည် အထူးကြပ်မတ်ကုသမှုခံယူကာ အသက်သေဆုံးသည်အထိ ဖြစ်ပွားနိုင်
■ မန္တလေးမြို့တွင် လျှပ်စစ်မီတာဖတ်ဝန်ထမ်းတစ်ဦး သေနတ်ပစ်ခတ်ခံရပြီး သေဆုံး
■ Alpine သောက်ရေသန့်စက်ရုံတွင် ဝန်ထမ်းအချို့ COVID-19 ဖြစ်ပွားသည်မှာ မှန်ကန်ကြောင်း Alpine ထုတ်ပြန်
■ သြစတြေးလျတွင် ယခုနှစ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပထမဆုံးလူသေဆုံးမှု ရှိလာခဲ့ကာ နေ့အလိုက်ကူးစက်သူ စံချိန်တင်မြင့်တက်
■ လူ ၅၂ ဦးသေစေခဲ့သည့် ဘင်္ဂလားဒေ့ရှ်အချိုရည်စက်ရုံ မီးလောင်မှုအတွက် စက်ရုံပိုင်ရှင် ဖမ်းဆီးခံရ
■ အဆိုးရွားဆုံး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ကြိုးပမ်းနေရစဉ် ကာကွယ်ဆေးပမာဏနှစ်သန်းကို ဗီယက်နမ် လက်ခံရရှိ
■ ချန်ပီယံဆုအတွက် အကောင်းဆုံးတိုက်ပွဲဝင်သွားမည်ဟု အင်္ဂလန်နည်းပြ ဆောက်ဂိတ်နှင့် အီတလီနည်းပြမန်စီနီ ကြွေးကြော်
အစရှိတဲ့ ပြည်တွင်း၊ နိုင်ငံတကာနဲ့ အားကစားသတင်းတွေကို တင်ဆက်ပေးထားပါတယ်။