ဧရာဝတီမြစ် မန္တလေးရေအမှတ်မှာ ဇူလိုင်လဒုတိယဆယ်ရက်ပတ်အတွင်း ၅ ပေမှ ၇ ပေခန့်အထိ မြင့်တက်နိုင်ဟုသိရ
ဧရာဝတီမြစ် မန္တလေးရေအမှတ်မှာ ဇူလိုင်လ ဒုတိယဆယ်ရက်ပတ်အတွင်း ၅ ပေကနေ ၇ ပေခန့်အထိ မြင့်တက်နိုင် တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဇူလိုင်လ ဒုတိယ (၁၀) ရက်ပတ်အတွက် မြစ်ရေအခြေအနေ ခန့်မှန်း ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။