■ ဘဏ်များတွင် ကြုံတွေ့နေရသည့်အခက်အခဲများအား ဇူလိုင်လကုန်ပိုင်းနှင့် သြဂုတ်လအတွင်း ဖြေလျော့ပေးရန် အစီအစဉ်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူပြောကြား
■ COVID - 19 ဓါတ်ခွဲအတည်ပြုလူနာသစ် ၅၀၁၄ ဦးတွေ့ရှိကာ သေဆုံးသူ ၈၉ ဦးရှိကြောင်း သိရ
■ ကချင်ပြည်နယ် ၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့အား stay at home ကြေညာ
■ ထိုင်းတွင် တရုတ်ကိုဗစ်ကာကွယ်ဆေးထိုးထားသော်လည်း ကျန်းမာရေးဝန်ထမ်းများဗိုင်းရပ်စ် ကူးစက်ခံရသဖြင့် ကာကွယ်ဆေးပေါ်လစီကိုပြောင်းလဲ
■ အိန္ဒိယတွင် မိုးကြိုးပစ်ချခံရသဖြင့် အနည်းဆုံးလူ ၁၈ ဦး သေဆုံးခဲ့ပြီး ၁၆ ဦးဒဏ်ရာရ
■ နယူးဇီလန်က COVID-19 ဆိုင်ရာ APEC ထိပ်သီးအရေးပေါ်အစည်းအဝေး ခေါ်ယူထား
■ ယူရိုဗိုလ်လုပွဲ ရှုံးနိမ့်မှုက ကစားသမားဘဝတစ်လျှောက်လုံးကို နာကျင်စေလိမ့်မည်ဟု ဟာရီကိန်း ဖွင့်ဟ