ဘဏ်များတွင်ကြုံတွေ့နေရသည့်အခက်အခဲများအား ဇူလိုင်လကုန်ပိုင်းနှင့် သြဂုတ်လအတွင်း ဖြေလျော့ပေးရန်..
ဘဏ်များတွင်ကြုံတွေ့နေရသည့်အခက်အခဲများအား ဇူလိုင်လကုန်ပိုင်းနှင့် သြဂုတ်လအတွင်း ဖြေလျော့ပေးရန် အစီအစဉ်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူပြောကြား
ဘဏ်မှာငွေထုတ်မှုတွေနဲ့ပါတ်သက်ပြီး ကန့်သတ်ထားတဲ့ပမာဏကို လတ်တလောဖြေလျော့ပေးဖို့ အစီအစဉ်မရှိသေးဘဲ လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဇူလိုင်လကုန်ပိုင်းနှင့် သြဂုတ်လထဲမှာဖြေလျော့ပေးနိုင်မှာဖြစ်တယ်လို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ပါတယ်။