ထိုင်ဝမ်အရေးအပါအဝင် အမေရိကန်-တရုတ် အားပြိုင်မှု၏ နောက်ဆက်တွဲ အကျိုးဆက်နှင့် ပတ်သက်ပြီး ဂျပန်သတိပေး
ထိုင်ဝမ်ကျွန်း အနီးတစ်ဝိုက်မှာ စစ်ရေးတင်းမာမှုတွေ မြင့်တက်နေမှုနဲ့ အမေရိကန်နဲ့ တရုတ်တို့အကြား စီးပွားရေးနဲ့ နည်းပညာပိုင်းအရ အားပြိုင်မှုတွေက အရှေ့အာရှဒေသရဲ့ တည်ငြိမ်အေးချမ်းမှုကို ခြိမ်းခြောက်နေတယ်လို့ ဂျပန်အစိုးရရဲ့ နှစ်ပတ်လည် ကာကွယ်ရေး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။