အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ တစ်ကျော့ပြန်မြင့်တက်လျက်ရှိပြီး သီတင်းပတ်သုံးပတ်အတွင်း ကူးစက်သူ နှစ်ဆမြင့်တက်လာ
အမေရိကန်နိုင်ငံမှာ လပေါင်းများစွာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကျဆင်းခဲ့ပြီးနောက် ကူးစက်မှုတွေတစ်ကျော့ပြန် မြင့်တက်လာခဲ့ပြီး ကူးစက်ပျံ့နံှ့မှု မြန်ဆန်တဲ့ ဒယ်လ်တာဗိုင်းရပ်စ်မျိုးကွဲ ကူးစက်မှု၊ ကာကွယ်ဆေး ထိုးနှံမှုနှုန်း ကျဆင်းမှုနဲ့ ဇူလိုင် ၄ ရက်နေ့ လူစုလူဝေး ပြုလုပ်မှုတွေကြောင့် လွန်ခဲ့တဲ့ သီတင်းသုံးပတ်အတွင်း နေ့အလိုက် ကူးစက်သူဦးရေ နှစ်ဆ မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။