အာဆီယံဘုံသဘောတူညီချက်ကို အမြန်ဆုံးအကောင်အထည်ဖော်ရန်နှင့် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ခန့်အပ်ရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း
ဇူလိုင် ၁၄ ရက်က အရှေ့တောင်အာရှနိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဗီဒီယိုကွန်ဖရင့်စ်တွေ့ဆုံဆွေးနွေးမှုအတွင်း မြန်မာနိုင်ငံအနေနဲ့ အာဆီယံခေါင်းဆောင်တွေအကြားရရှိခဲ့တဲ့ ဘုံသဘောတူညီချက်တွေကို အမြန်ဆုံး အကောင်အထည် ဖော်ဖို့အပါအဝင် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ခန့်အပ်ဖို့အတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က တိုက်တွန်းပြောကြားခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ဒ်ပရိုက်စ်က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။