ထိုင်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်/သေဆုံးမှုများ စံချိန်တင် မြင့်တက်လာစဉ် လူအများ စုဝေးမှုကို ပိတ်ပင်တားမြစ်
မြို့တော် ဘန်ကောက်နဲ့ ခရိုင် ၉ ခုကို အခုသီတင်းပတ်အတွင်း တစ်စိတ်တစ်ပိုင်း လော့ဒေါင်းချထားခဲ့ပေမယ့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်/သေဆုံးမှုတွေ စံချိန်တင် တိုးလာနေတာကြောင့် အာဏာပိုင်တွေဟာ နိုင်ငံတစ်ဝန်းမှာ လူအများ စုဝေးမှုတွေကို တားမြစ်ပိတ်ပင်မှုတွေ ချမှတ်ခဲ့ပြီး အသွားအလာ ကန့်သတ်မှုတွေ ထပ်မံလုပ်ဆောင်ဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။