သဘာဝဘေးအန္တရာယ်များ ကြုံလာပါက ကိုယ်တိုင်ကာကွယ်နိုင်စေရန် ပဲခူးမြို့ရှိ အခြေခံပညာကျောင်းများ၌ သင်တန်းပို့ချမည်
သဘာဝဘေးအန္တရာယ်တွေ ကြုံတွေ့လာပါက ကိုယ်တိုင်ကာကွယ်နိုင်ဖို့ ပဲခူးမြို့ရှိ အခြေခံပညာကျောင်းတွေမှာ ပို့ချဖို့စီစဉ်ထားပြီး ကျောက်ကြီးမြို့ အခြေခံပညာကျောင်းမှာ ဇန်နဝါရီ၂၂ရက်နေ့က ဆရာ၊ဆရာမတွေနဲ့ ကျောင်းသား၊ကျောင်းသူတွေကို သဘာဝဘေး ဆိုင်ရာ အသေးစားရှာဖွေရေးနဲ့ ကယ်ဆယ်ရေးနည်းစနစ် သင်တန်းစတင်ပို့ချပေးနေတယ်လို့ သိရပါတယ်။