ကျူးဘားသည် ကျရှုံးနိုင်ငံဖြစ်၍ ကွန်မြူနစ်ဝါဒသည် ကျရှုံးစနစ်ဖြစ်သည်ဟု အမေရိကန်သမ္မတဂျိုးဘိုင်ဒန် ဝေဖန်
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ကျူးဘားကို ကျရှုံးနိုင်ငံအဖြစ်လည်းကောင်း၊ ကွန်မြူနစ်ဝါဒကို ကျရှုံးစနစ်အဖြစ် လည်းကောင်း ဇူလိုင် ၁၅ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပြီး မိမိအစိုးရဟာ ကျွန်းနိုင်ငံကို ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေ ပံ့ပိုးပေးဖို့နဲ့ အစိုးရ ဆန့်ကျင်ရေးဆန္ဒပြပွဲတွေဖြစ်ပွားအပြီးမှာ အင်တာနက်ပြန်လည်ရရှိအောင်လုပ်ပေးဖို့စဉ်းစားနေတယ်လို့ ဆိုခဲ့ပါတယ်။