ဂျာမနီရေကြီးမှု နှစ်ပေါင်း ၂၀၀ အတွင်းသေဆုံးမှုအများဆုံးဖြစ်ကာ ဇူလိုင် ၁၆ ရက်အထိသေဆုံးသူ အနည်းဆုံး ၈၁ ဦးအထိရှိလာ
ဂျာမနီအနောက်ပိုင်းက ပြင်းထန်တဲ့ရေကြီးမှုအတွင်း အသက်ဆုံးရှုံးခဲ့သူအရေအတွက်ဟာ ဇူလိုင် ၁၆ ရက်မှာ အနည်း ဆုံး ၈၁ ဦးအထိ မြင့်တက်လာခဲ့တယ်လို့ ဂျာမနီရုပ်သံလွှင့်ဌာန ARD က ဖော်ပြခဲ့ပြီး နှစ်ပေါင်း ၂၀၀ အတွင်း ဂျာမနီမှာ လူ့ အသက်ဆုံးရှုံးမှုအများဆုံး ရေကြီးမှုဖြစ်တယ်လို့ ဆိုပါတယ်။