ဇူလိုင်လ ၁၇ ရက်နေ့ ညပိုင်းသတင်းအစီအစဉ်

ဇူလိုင်လ ၁၇ ရက်နေ့ ညပိုင်းသတင်းအစီအစဉ်
Published 17 July 2021

ဇူလိုင်လ ၁၇ ရက်နေ့ ညပိုင်းသတင်းအစီအစဉ်

■ အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် ကြေညာချက်တွင် ဆေးဝါးနှင့်ဆေးပစ္စည်းကိရိယာ ထုတ်လုပ်ရေး၊ ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းများကို ပိတ်သိမ်းခြင်းမပါရှိကြောင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်မည်

■ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများတွင် ဆေးကုသခံယူခြင်း ၊ ဆေးဝါးနှင့်ဆေးပစ္စည်း ဝယ်ယူခြင်းတို့အတွက် အီလက်ထရွန်နစ် ငွေးပေးချေမှု နည်းလမ်းဖြင့် လက်ခံဆောင်ရွက်ရန် ဗဟိုဘဏ်ထုတ်ပြန် 

■ မူဆယ်မြို့တွင် COVID-19 ရောဂါ ကူးစက်ခံရသူ  ၆၀၀ ကျော်ရှိလာချိန် ထပ်မံကူးစက်ခံလာရပါက အရေးပေါ် ကုသထားရှိနိုင်ရန် လူဦး‌ရေ ၆၀၀ ဆံ့ Quarantine Centre အသစ်တိုးချဲ့ဆောင်ရွက်

■ COVID-19 ကပ်ရောဂါ ကူးစက်မှုကိုကာကွယ်ရန် MAI နှင့် Air KBZ လေကြောင်းလိုင်းက လားရှိုး၊ တာချီလိတ်၊ ကလေး၊ ကျိုင်းတုံ၊ ထားဝယ်၊ ကော့သောင်း၊ မြိတ်စသည့်မြို့များသို့ ခရီးစဉ်ပျံသန်းမှု ဇူလိုင်လကုန်အထိ ရပ်နားမည်

■ တရုတ်ဒေသအချို့တွင် မိသားစုလိုက် ကာကွယ်ဆေး မထိုးထားပါက ကလေးငယ်များ ကျောင်းတက်ခွင့်မရှိ

■ ထိုင်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်/သေဆုံးမှုများ စံချိန်တင် မြင့်တက်လာစဉ် လူအများစုဝေးမှုကို ပိတ်ပင်တားမြစ်

■ လူမျိုးရေး ခွဲခြားသူများ ဘောလုံးပွဲကြည့်ခွင့် (၁၀) နှစ် ပိတ်ခံရမည်
 

Most Viewed

Most Recent