ဒယ်လ်တာဗိုင်းရပ်စ် ပြည်တွင်းကူးစက်မှုများ စတင်တွေ့ရှိပြီးနောက် ဖိလစ်ပိုင်တွင် ကန့်သတ်ပိတ်ပင်မှုများကို တင်းကျပ်
ဖိလစ်ပိုင်နိုင်ငံမှာ ပိုမိုကူးစက်မြန်တဲ့ဒယ်လ်တာဗိုင်းရပ်စ်မျိုးကွဲ ပြည်တွင်းကူးစက်မှုတွေကိုစတင်တွေ့ရှိပြီးနောက် အာဏာ ပိုင်တွေဟာ နေရာဒေသတချို့မှာ ပိုမိုတင်းကျပ်တဲ့ ဗိုင်းရပ်စ်ထိန်းချုပ်ရေးအစီအမံတွေ ပြန်လည်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။