၇၄ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း၏မိသားစုကိုယ်စား ရန်ကုန်စည်ပင်မှ ဌာနမှူးတစ်ဦးက လွမ်းသူ့ပန်းခွေချ
၇၄ နှစ်မြောက်အာဇာနည်နေ့အခမ်းအနားကို ဇူလိုင် ၁၉ ရက်နေ့မှာ ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်မှာ ကျင်းပခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိသားစုကိုယ်စား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဌာနမှူးတစ်ဦးက လွမ်းသူ့ပန်းခွေ ချခဲ့တယ်လို့ သိရပါတယ်။