ဇူလိုင် ၂၀ ရက်နေ့ ညပိုင်းသတင်းအစီအစဉ်
■ တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်အသီသီးတွင် COVID-19 ရောဂါပိုးကူးစက်ခံရသူ ၃၇၅ ဦးရှိပြီး ကုသဆဲ ၂၀၈ ဦးရှိကာ ခြောက်ဦးသေဆုံး
■ လားရှိုးမြို့သို့ တစ်ရက်လျှင် ၄၀ လီတာဆံ့ အောက်ဆီဂျင်အလုံးရေ ၂၀၀ လုံးခန့် ထုတ်လုပ်နိုင်သည့် အောက်ဆီဂျင်စက်သုံးလုံး ရောက်ရှိ
■ COVID-19 ရောဂါကူးစက်မှုများနှင့် ပတ်သက်ပြီး လိုက်လံကူညီပေးနေသည့် ပရဟိတအသင်းအချို့နှင့် နာရေးကူညီမှုအသင်းအချို့မှ လုပ်အားပေးနေသူများ နေမကောင်းဖြစ်ခြင်းများ ကြုံတွေ့နေရ
■ မန္တလေးမြို့တွင် နိုင်လွန်ကတ္တရာထုတ် စက်ရုံအတွင်း ကတ္တရာအရည်ကျိုသည့်စက် မီးလောင်ကျွမ်းမှုဖြစ်ပွား
■ ဥရောပသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ သန်းငါးဆယ် ပြည့်ခဲ့သည့် ပထမဆုံးဒေသဖြစ်လာ
■ ထိုင်ဝမ်က လစ်သူရေးနီးယားတွင် ဖွင့်လှစ်မည့်ရုံးကို ၎င်းနာမည်အတိုင်း အသုံးပြုမည်
■ ဆာအူလ်ကို လီဗာပူးလ်၊ ဘာစီလိုနာတို့နှင့်အပြိုင် မန်ချက်စတာယူနိုက်တက် ခေါ်ယူမည်