မန္တလေးတွင် အောက်ဆီဂျင်ဝယ်ယူရရှိမှုခက်ခဲသောကြောင့် အောက်ဆီဂျင်အခမဲ့ဖြန့်ဝေသည့်ပရဟိတအသင်းများအတွက် နေ့စဉ် ပြန်လည်ဖြန့်ဖြူးရန် ခက်ခဲလာ
မန္တလေးမှာ COVID-19 လူနာတွေအတွက် အောက်ဆီဂျင်အခမဲ့ဖြန်ဖြူးလှူဒါန်းတာကို ပရဟိတအဖွဲ့တွေ ဆောင်ရွက် ပေးနေရာ အောက်ဆီဂျင်စက်ရုံတွေကနေ ဝယ်ယူရရှိမှုခက်ခဲတာကြောင့် အောက်ဆီဂျင်အခမဲ့ဖြန့်ဝေတဲ့ ပရဟိတအသင်းတွေ အနေနဲ့ နေ့စဉ်ပြန်လည်ဖြန့်ဖြူးဖို့ ခက်ခဲလာတယ်လို့ ပရဟိတအသင်းတွေထံက သိရပါတယ်။