အာဖဂန်နစ္စတန်အတွက် အထောက်အပံ့များ ဆက်ပေးသွားမည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် ကတိပြု
အာဖဂန်နစ္စတန်ကနေ နောက်ဆုံးကျန်ရှိနေတဲ့ အမေရိကန် တပ်ဖွဲ့ဝင်တွေကို စတင်ရုပ်သိမ်း နေချိန်မှာပဲ အမေရိကန်အနေနဲ့ သံတမန်ရေးနဲ့ လူသားချင်းစာနာမှု အထောက်အပံ့တွေ ဆက်ပေးသွားမှာဖြစ်ကြောင်း သမ္မတ ဂျိုးဘိုင်ဒန်က အာဖဂန်သမ္မတ အက်ရှ်ရက်ဖ် ဂါနီကို ကတိပြုခဲ့တယ်လို့ သိရပါတယ်။