ဘီးလင်းမြို့နယ်အတွင်း မိုးသက်လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ပြီး နေအိမ် ၂၅ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဇုတ်သုတ်ကျေးရွာအုပ်စု ရွာလေးပိုင်းနဲ့ အနိုင်းပွန်ကျေးရွာအတွင်း ဇူလိုင် ၂၃ ရက်နေ့လည်ပိုင်းက မိုးသက်လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ပြီး နေအိမ် ၂၅ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကာ သစ်ပင်နဲ့ ဓာတ်တိုင်ပြိုလဲမှုတွေလည်း ရှိခဲ့တယ်လို့ ဒေသခံဆီက သိရပါတယ်။